1.9 MWp Ground-Screw Mounting Project at Star City Thanlyin (Yangon)

December 18, 2024

Ø၂၀၁၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော Planet Nine Engineering and Power Solutions (P9EPS) ကုမ္ပဏီသည် အချိန်တိုအတွင်း လျှင်မြန်စွာ အောင်မြင်တိုးတက်လာသောကုမ္ပဏီ ဖြစ်သည့်အပြင် မြန်မာနိုင်ငံ၏ ဆိုလာနှင့် Power Engineering နယ်ပယ်တွင် အောင်မြင်လူသိများသော Project Developer နှင့် Full Turn-key Provider  ကုမ္ပဏီတစ်ခု ဖြစ်ပါသည်။ ဆိုလာနှင့်   Power Engineering ဆိုင်ရာ ဆက်စပ်ပစ္စည်းများ တင်သွင်းရောင်းချနေသော ကုမ္ပဏီလည်းဖြစ်ပါသည်။

ØPlanet Nine သည် အမျိုးမျိုးသော Power Solutions များ၊ Solar Energy နှင့် System Integration အခန်းကဏ္ဍများအတွက် Commercial နှင့် Industrial (C&I) ပိုင်းကို ပိုမိုအဓိကထား လုပ်ဆောင်နေပါသည်။ ယခုအချိန်အထိ Rooftop, Ground, Mini-Grid စသော ဆိုလာစနစ်များအား မဂ္ဂါဝပ် (45 MW) အထိ တပ်ဆင်ထားပြီး ဖြစ်ပါသည်။

ØPlanet Nine သည် အရည်အသွေးကောင်းမွန်သော ကုန်ပစ္စည်းများကို မြန်မာနိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းများနှင့် အစိုးရဌာနများသို့ တင်သွင်းဖြန့်ဖြူးရောင်းချနေပါသည်။ ကုမ္ပဏီ၏ နည်းပညာကျွမ်းကျင်ပညာရှင်များမှ Customer များ၏ လုပ်ငန်းလိုအပ်ချက်များနှင့် ကိုက်ညီရွေးချယ်နိုင်စေရန် အကြံဉာဏ်များကို ပေးနိုင်သည့်အပြင် ကုမ္ပဏီထံမှ ဝယ်ယူထားသော ကုန်ပစ္စည်းများအတွက် အာမခံချက်အပြည့်ပေးနိုင်ပြီး ဝယ်ယူပြီးနောက်ပိုင်း လိုအပ်လာနိုင်မည့် After-sales Service များကိုလည်း 24/7 ဝန်ဆောင်မှုပေးပါသည်။

Planet Nine သည် မိမိ၏ Customer များအား ပြည့်စုံကောင်းမွန်သော Solution များ ပေးရာ၌ ဈေးနှုန်း အသင့်အတင့်ဆုံးနှင့် သက်တမ်းကြာရှည်စွာအာမခံချက်ရှိသည့် ပစ္စည်းများကိုသာ ရွေးချယ်အသုံးပြုပေးခြင်းဖြင့် ရေရှည်လက်တွဲဝန်ဆောင်မှု ပေးနိုင်ရန် အမြဲကြိုးစားနေပါသည်။

TOP